ဘန်နာပုံ


မနောသုခကျောင်းတိုက့် ဘလော့လေး မှ နွေးထွေးစွာကြိုဆိုပါ၏။လာရောက်လည်ပါတ်သူဒကာ၊ဒကာမများစိတ်၏ချမ်းသာခြင်း၊”ကိုယ်၏ကျန်းမာခြင်း၊”တစ်လုံးတစ်ဝနှင့်ပြည့်စုံပါစေ၊”ဆရာတော်ဦးဝိလာသ၊”

မီနူး

Saturday, 11 May 2013

သင့် Website အတွက်ကောင်းနိုးရာရာကုဒ်လေးများ


သင့် websites
အတွက် ကောင်းနိုးရာရာ ကုတ်လေးများ.......



ဒါကတော့ နောက်ခံဘက်ဂရောင်း အတွက်
ကုတ်လေးပါ..။


<style type="text/css">
body {
background-image: url(ဒီနေရာမှာ
ဘက်ဂရောင်းလင့်လေးထည့်ပါ
) ;
background-attachment:
fixed;

background-repeat:
no-repeat;
background-position:
Bottom; } </style>



အနီရောင်လေးတွေနေရာမှာ
စိတ်ကြိုက်ပြောင်းလို့ရပါတယ်...။

Thursday, 2 May 2013

ရဟန်းသံဃာတော်များနှင့် ပြောဆိုဆက်ဆံ

ရဟန်းသံဃာတော်များနှင့် ပြောဆိုဆက်ဆံရာ၌ မင်း၊ ငါ၊ ကျုပ်၊ ခင်ဗျား၊ ကျွန်တော်၊ ကျမ စသည်ဖြင့် ပြောဆိုခြင်း မပြုရ။ မိမိကိုယ်ကိုပြောလျှင် “တပည့်တော်၊ ဘုရားတပည့်တော်” ဟုသုံးနှုန်းပြောဆိုရမည်။ “မင်း၊ သင်၊ ခင်ဗျား၊” အစား “အရှင်ဘုရား” ဟု သုံးနှုန်းပြောဆိုရမည်။ ခေါ်သောအခါမှာလည်း “ကိုရင်ဘုရား၊ ဦးပဉ္ဇင်းဘုရား၊ ဆရာတော်ဘုရား၊ ဘုန်းဘုန်းဘုရား” ဟု ခေါ်ဝေါ်သုံးနှုန်းရမည်။

Wednesday, 1 May 2013

ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်း


 

                                                   
ဒီနေ့တော့  ဗုဒ္ဓဘာသာအများသိသင့်တဲ့ ဗုဒ္ဓဘုရားအကြောင်းလေးတခုကို တင်ပြပေးချင်ပါတယ်။ ဗုဒ္ဓ၀င် အကျဉ်းလေးပေါ့။ ကျွန်တော်ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး။ သူငယ်ချင်းများနေ့ ဆိုဒ်မှ ကျွန်တော်တွေ့တာနဲ့ ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်။
ပုံလေးတွေနဲ့ဆိုတော့ ကလေးတွေအတွက်လည်းအဆင်ပြေတယ်လေ။
ဘဂ၀တော         ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
အရဟတော        ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓဿ    သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရား.. အား
နမောတဿ         ရှိခိုးပါ၏။

လယ်တီ ဆုံးမစာ ( လူမိုက်တို့ သွားရာလမ်း )



 ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊
 ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါတွင်၊
လူရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊
အမိုက်မခြွေ၊ အလိုက်နေ၍၊
အခြေမကြီး၊ အချည်းနှီးလျှင်၊
ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်။

ခန္ဓာကိုယ်၏ ဇရာလက္ခဏာ


ပျိုလျှင် အို၊ ရှင်-သေကွဲ၊ နင်ဝေ ခွဲရှုပါ၊
 မြင်နေမြဲ စက္ခုမှာ၊ သက်နုခါ ကြည်လို့၊
ဇရာညှင်း မုံ ဝေသီတယ်၊
 စုံပွေလီ သောတ တွေချို့၊

မဃဒေ၀ ဆုံးမစာ ( သေခြင်းသည်သာ )


 မှတ်ခါစွဲယူ၊ များဗိုလ်လူတို့၊ နိဗ္ဗူမရ၊ ဆင်းရဲကြလိမ့်၊
လောကသုံးခွင်၊ ဘုံအပြင်တွင်၊ ဖြစ်လျှင်ပျက်မြဲ၊ မှန်မလွဲတည့်၊
သုံးစွဲ ဖို့ရာ၊ မြတ်ဥစ္စာတို့၊ ကံကြမ္မာပေး၊ ရပြန်သေးက၊
 ပျက်ရေးတစ်ဖန်၊ တွေ့ကြုံပြန်၏။

မဃဒေ၀ ဆုံးမစာများ


ရာဂဟူသည်၊ ယစ်မျိုးရည်သို့၊
မကြည်ယုတ်မာ၊ လွန်ဆိုးစွာ၏၊
သတ္တ၀ါဟူထ၊ သာမည၌၊
ဘယ်မျှတစိ၊ ဆိုလွယ်ရှိအံ့၊
Related Posts Plugin for WordPress, Blogger...