ယ္ခုအခါ (၃)လလျှင်တစ်ကြိမ်ကျ
ဗမာပြည်တစ်ဝှမ်း လူလေး၊ငါးယောက် အား
"ထီ" နည်းဖြင့် တစ်သိန်းစီပေးနေပါသည်၊
ကျွန်ုပ်တို့သည် သူ့ထက်ငါ
လောဘဇောတိုက်၍ ငါပါလိမ့်လိမ့်နိုးနိုးနှင့်
ထီထိုးပြီး မျှော်ကိုးနေကြပါသည်။
ငါသာပါလျှင်ဟု အတွေကြီးတွေပြီး
မိုးမဆုံး မြေမဆုံး အတွေးနယ်ချဲ့နေကြပါသည်။
ဤကဲ့သို့ အတွေးနယ်ချဲ့နေစဉ်
ကျွန်ုပ် တို့တွေးရမည့်
တွေးလုံးတစ်ခု မေ့နေပါသည်၊အခြားမဟုတ်ပါ၊
ရန်ကုန်မြို့တစ်မြို့တည်းမှာ
နေ့စဉ် သေမင်းက လူ ၃၀ ခန့်ရွေးနေပါသည်၊
ကျန်းမာရေးနှင့်အရေးကြီးသော
စာရင်းစီမံကိန်း၏ ၁၉၆၁ ခုနှစ်
နှစ်ချုပ်အစီခံစာတွင်တွေ့နိုင်ပါသည်။
တစ်လလျှင် ၉၃၀၊၃ လလျှင် ၂၇၉၀ ခန့်နှင့်
နှိုင်းစားသော်
ဘယ်ထီအရင်ပေါက်မည်ကို မှန်းဆနိုင်ပါပြီ။
သိန်းထီပေါက်လျှင် ဘာလုပ်မည်ဟု
တွေးထားသကဲ့သို့ သိန်းထီထက်ပို၍နီးစပ်သော
မရဏထီပေါက်လျှင် ဘာလုပ်မည်ကို
အဆင့်သင့်ပြင်ထားရန်
ကျွန်ုပ်တို့မမေ့အပ်ပါ။
အကြောင်းပို၍သမ်းနည်းစရာလည်းမလိုပါ၊
ဝမ်းသာခြင်းကိုလည်းကောင်း၊
ဝမ်းနည်းခြင်းကိုလည်းကောင်း
ရင်ဆိုင်ရသော လူသတ္တ၀ါများအဖို့
တရားတော်ကသာလျှင်
မည်ကဲ့သို့ရှုမှတ်ဆင်ခြင်ရမည်ကို
တိကျမှန်ကန်စွာပြနိုင်ပါသည်။
သက်သာခွင့်ကိုပေးနိုင်ပါသည်။
ကျွန်ုပ်တို့အား တရားရေအေး အမြိုက်ဆေးကို
တိုက်ကျွေးနိုင်သူ ဆရာကောင်းများထံ
အချိန်မနှောင်းမှီဆည်းကပ်ကြရန်
အချိန်တန်ပါပြီလို့ သတိပေးနှိုးဆော်အပ်ပါသည်။
သတ္တ၀ါအပေါင်း ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။
No comments:
Post a Comment