ဘန်နာပုံ


မနောသုခကျောင်းတိုက့် ဘလော့လေး မှ နွေးထွေးစွာကြိုဆိုပါ၏။လာရောက်လည်ပါတ်သူဒကာ၊ဒကာမများစိတ်၏ချမ်းသာခြင်း၊”ကိုယ်၏ကျန်းမာခြင်း၊”တစ်လုံးတစ်ဝနှင့်ပြည့်စုံပါစေ၊”ဆရာတော်ဦးဝိလာသ၊”

မီနူး

Friday, 19 April 2013

ဧည့်သည်တိုင်း၏လမ်းခရီး

လာတုန်းကလည်းတစ်ယောက်တည်းနော်
လက်တွဲခေါ်ကာဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း
ပြန်သွားတော့လည်းတစ်ယောက်တည်းနော်
လက်တွဲခေါ်ကာဖော်မပါဘူး
ဥစ္စာချည်းနှီးတစ်ကိုယ်တည်း
လာပြီးတော့လည်း နား မသွားသေးခင်
ချိန်လေးတွင်းမှာ ၀န်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့
ပြုံးရယ်မဲ့ ငို ချစ် မုန်း ပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်စောလျှင် ခရီးနှင်သည်
ဒို့လျှင်ဧည့်သည်ပါတကား.............
                                         ဇော်မျိုးဦး(ခ)လွမ်းအောင်ချစ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...